AMOLED နဲ့ IPS တို့ဘာကွာသလဲ ?

AMOLED နဲ့ IPS တို့ဘာကွာသလဲ ?

Posted in
1 comment
By htwe naing

Image result for AMOLED နဲ့ IPS
မိုဘိုင်းလ်ဖုန်းထုတ်လုပ်ရောင်းချသူများပျားလာတာနဲ့အမျှ ဈေးကွက်ယှဉ်ပြိုင်မှုအရှိန်အဟုန်ကလည်းမြင့်တက်နေပါတယ်။အမှတ်တစ်ဆိပ်တစ်ခုအတွက် ၊ အရည်အသွေး အရည်အချင်းနဲ့ပုံစံဒီဇိုင်းဆန်ူသစ်မှုကိုခြေကုပ်ယူကာ ယှဉ်ပြိုင်မှုမှာ အင်အားအဖြစ်အသုံးချကြတယ်။စမက်ဖုန်းတွေကိုဝယ်ယူသူအများစုက ဆက်သွယ်ပြောဆိုတဲ့အသံကြည်လင်ပြက်သားမှုထက် ဖုန်းမှာတပ်ဆင်ထားတဲ့ ပစ္စည်းအမျိုးအစားများကိုပိုပြီးအာရုံစိုက်ရွေးချယ်လေ့ရှိပါတယ်။ဒီနေရာမှာလည်း ယေဘုယဘောအရ display အရွယ်အစားနဲ့အရည်အသွေးကို အထူးဂရုပြုကြလေ့ရှိပါတယ်။ Display အရည်အသွေးတွက် ဒီနေ့ဈေးကွက်မှာ AMOLED နဲ့ IPS LCD ဆိုတဲ့နည်းပညာနှစ်မျိုးကိုသာအများဆုံးအသုံးပြုကြတာတွေ့ရပါလိမ့်မယ်။ဒီနည်းပညာနှစ်မျိုးစလုံးမှာ အားသာချက်ကိုယ်စီရှိကြသလို အားနည်းချက်တွေလည်းကိုယ်စီရှိကြပါတယ်။မိမိအလိုကျ DISPLAY ကိုရွေးချယ်ရယူနိုင်ဖို့ နည်းပညာနှစ်မျိုးရဲ့ ကွာခြားချက်သဘာဝများကို ကြိုတင်သိရှိထားကြရမှာဖြစ်ပါတယ်။
                AMOLED ( Active-Matrix Organic light-Emitting Diode)နည်းပညာကိုမိုဘိုင်းလ်ထုတ်လုပ်သူများက ၂၀၀၈ ခုနှစ်ကစပြီးအသုံးပြုလာကြပါတယ်။ ယခုအခါ Super AMOLED ဆိုတဲ့မျိုးဆက်သစ်ကိုပင် အသုံးပြုနေကြပြီဖြစ်ပါတယ်။ပါးလွှာတဲ့ ထရန်စ္စတာ (TFT) ပေါ်မှာ သဘာဝပစ္စည်းဒြပ်ပေါင်းကို လျှက်စစ်ဖြတ်လွှတ်ပြီး ဖြစ်ပေါ်လာစေတဲ့အလင်းအားနဲ့အတူ pixesl လေးများသီးခြားလှုပ်ရှားစေတဲ့နည်းနဲ့ ကုံဖော်မျက်နှာပြင်ကိုထင်ဟပ်စေတဲ့အတွက်  Active-Matrix Organic light-Emitting Diode နည်းပညာလို့ခေါ်တွင်စေတာဖြစ်ပါတယ်။ IPS LCD DISPLAY နည်းပညာထက်သစ်လွင်မှုရှိတယ်လို့ညွှန်းဆိုလေ့ရှိပါတယ်။
                OLED နည်းပညာရဲ့ပင်မအင်အားစုက အင်မတန်ပါးလွှာတဲ့ဖလင်ပြားလေးကို အီလက်ထရွန်စီးဆင်းစေမှုအတွက် anode နဲ့ cathode များကိုလည်းအသုံးပြုရယူတယ်။လင်းထိန်မှုအခြေအနေအတွက်အီလက်ထရွန်းဆီးကြောင်းရဲ့အားနဲ့အဆုံးအဖြတ်ပြုပေးတယ်။ display ထဲက သေးငယ်တဲ့ အနီ ၊ အစိမ်း ၊ အပြာ အလင်းတွေထုတ်လုပ်တဲ့ diode တွေကိုတည်ဆောက်ယူစေတယ်။အရှင်းဆုံးသဘောတစ်ရားကတော့ pixel တစ်ခုစီမှာကိုယ်ပိုင်အရောင်ရှိစေပြီး အလင်းဖြတ်ထွန်းဖို့ဖန်တီးထားတဲ့နည်းပညာဖြစ်ပါတယ်။
                အရောင်တောက်ပမှုအင်အားအပေါ်မူတည်ပြီး AMOLED နဲ့ SUPER AMOLED လို့ခွဲခြားပြောကြတယ်။နှစ်မျိုးစလုံးမှာ အရောင်များကပိုပြီးတောက်ပကာ အနက်ရောင်အနေနဲ့ပိုပြီးမဲမှောင်စေတယ်။ SCREEN ရဲ့အပိုင်းပိုင်းတွေကို မလိုအပ်ပါကပိတ်ထားမှုပြုစေတဲ့အတွက် သီအိုရီသဘောအရ ဘက်ထရီသက်တမ်းကပိုပြီးမြင့်မြင့်မားမား ရှိစေတယ်။ဒါပေမဲ့ အထူးသတိပြုရမယ့်အချက်က SCREEN ကို အချိန်ပြည့်အသုံးချမှု ရှိနေရင်တော့ PIXEL တွေကိုအလင်းဖြစ်စေဖို့လျှပ်စစ်ပါဝါဖြတ်စီးစေတာကြောင့် IPS LCD display ထက်ပါဝါစားသုံးမှုများသွားနိုင်တယ်။နည်းပညာသဘောအရ IPS LCD display များထက် AMOLED display များကပိုပြီးအဆင့်မြင့်တယ်လို့ဆိုရပေမဲ့ တစ်ကယ်လို့များ အချိန်ကြာကြာအသုံးမခံတဲ့ pixel အရည်အသွေးမျိုးဖြစ်ခဲ့ရင် display အပျက်မြန်တဲ့ပြဿနာမျိုးရှိနိုင်တယ်။ ယေဘုယျသဘောအရ AMOLED display တွေကပိုပြီးအရောင်တောက်ပကြည်လင်တဲ့အတွက် လူကြိုက်များစေတယ်။ super AMOLED ဆိုရင် ဆိုဖွယ်ရာမရှိသလောက်အထိ အရောင်စိုပြေတယ်လို့ပြောရမှာဖြစ်တယ်။
                IPS (In-Plane switching) ကို ၁၉၉၀ ခုနှစ် ကတည်းက စတင်အသုံးပြုလာကြတယ်။သမားရိုးကျ LCDs (liquid crystal display)အတွက် screen နည်းပညာကိုဖြည့်စည်းဆောင်ရွက်ယူတာဖြစ်တယ်။ LCDs ရိုးရိုးတွေကိုတော့ ၁၉၈၀ ခုနှစ်တွေမှာစတင်ပေါ်ပေါက်တာကို သိရှိပြီးမြင်ကြပါလိမ့်မယ်။ LC (liquid crystal ) ရဲ့မော်လီကျူးလေးတွေကို လားရာပြောင်းလဲစေပြီး ပုံဖော်ပြသပေးတဲ့နည်းပညာလို့ယေဘုယျနားလည်နိုင်စေတယ်။ IPS LCD ကို ကထမဆုံး iphone မှာပင်အသုံးပြုခဲ့တယ်။ AMOLED ထက်ရှေးဦးကျတဲ့နည်းပညာဖြစ်သလို ဈေးနှုန်းချိုသာစွာနဲ့ထုတ်လုပ်နိုင်တဲ့ display အမျိုးအစားတွေဖြစ်တယ်။
                LCD မှာ colour filler တစ်ခုလိုဖြစ်ပြီး polrized light ဆိုတဲ့အလင်းအားနဲ့ပုံဖော်ပြသပေးစေတယ်။ pixel တစ်ခုချင်းအဖွင့်အပိတ်လုပ်ကိုင်စေတဲ့နည်းစနစ်မဟုတ်ဘူး နည်းပညာရှင်များကတော့ IPS LCD တိုင်းက သဘာဝအရောင်ပိုပြီးစိုးမိုးခံပြီး AMOLED က တစ်ခါတစ်လေ အရောင်သိပ်သည်းမှုရှိတဲ့အတွက် သဘာဝသိပ်သည်းစဆန်သလို ဖြစ်သွားစေတယ်လို့ညွှန်းဆိုကြတယ်။ ဒါပေမဲ့ IPS LCD တိုင်းရဲ့ viewing angle များက AMOLED လောက်မကောင်းဘူး။
               IPS LCD display များကို အများဆုံးအသုံးပြုကြတာကတော့ Apple နဲ့ LG တို့ပဲဖြစ်ပါတယ်။ အခုအခါ HTC လည်း IPS LCD display များအသုံးပြုဖို့ကြိုးစားနေတာကိုတွေ့လာတယ်။တစ်ကယ်တန်းလက်တွေ့ကျကျနှိုင်ယှဉ်လေ့လာမယ်ဆိုရင် AMOLED နဲ့ IPS LCD နည်းပညာနှစ်ခုမှာ ဘယ်နည်းပညာက သာလွန်ကောင်းမွန်ပါတယ်လို့ အဆုံးဖြတ်မပေးနိုင်ကြဘူး။အားသာချက်တွေရှိကြသလို အားနည်းချက်တွေလည်း ရှိကြတယ်လို့သာ အဖြေပေးလေ့ရှိကြတယ်။
                  AMOLED နဲ့ပက်သက်ပြီး Super AMOLED ကို နောက်ဆုံးပေါ်ဖြစ်ဖြစ်ယေဘုယျဘောပြောဆိုခဲ့ပေမဲ့ထုတ်လုပ်သူများကတော့ HD Super AMOLED တို့ HD Super AMOLED Plus တို့ Full HD Super AMOLED တို့ Quad HD Super AMOLED တို့နဲ့အတူ Retina AMOLED စသဖြင့်သေးစိတ်အညွှန်းခေါ်အဝေါ်များ ပြဆိုထားလေ့ရှိတယ်။ယေဘုယျခြုံငုံကြည့်မယ်ဆိုရင် အားလုံးက Super AMOLED လို့နားလည်ထားနိုင်ပါတယ်။ Nokia , Samsung ,black berry , Gionees ,HTC , Motorola တို့ကထုတ်လုပ်တဲ့ စမက်ဖုန်းနဲ့တက်ဘလက်တွေမှာ AMOLED နဲ့ Super AMOLED တို့ကိုအသုံးပြုလေ့ရှိတယ်။
                  IPS LCD display များကို အသုံးပြုထုတ်လုပ်သူတွေအနေနဲ့  AHUA (Advanced Hyper - Viewing Angle) နဲ့ ထပ်ဆောင်းမက်လုံးပေး ထုတ်လုပ်ခဲ့တာတွေ့ကြရပါသေးတယ်။IPS LCD လိုစွဲစွဲမြဲမြဲ အသုံးချလေ့ရှိတာကတော့ Apple နဲ့ LG အပြင် SONY ကုမ္ပဏီထုတ် စမက်ဖုန်းနဲ့တက်ဘလက်တို့ဖြစ်တယ်။ IPS LCD  ရဲ့အားသာချက်တွေမှာ response time , colour reproduction နဲ့  viewing တို့ကိုတွေ့ရပေမဲ့ backlight အများကြီးသုံးရတယ်။ ဘက်ထရီ ပါဝါစားသုံးမှု များတာကိုအားနည်းချက်အဖြစ်ပြောဆိုနိုင်ပါလိမ့်မယ်။
                  AMOLED အားသာချက်က စမက်ဖုန်းတို့ တက်ဘလက်တို့ တည်ဆောက်ရာမှာ ပါးလွှာတဲ့ဒီဇိုင်းနဲ့တည်ဆောက်ခွင့်ရနိုင်တယ်။ back light မလိုတဲ့အတွက် ဘက်ထရီပါဝါစားသက်သာတယ်။ Contrast ကောင်းတယ် အားနည်းချက်ကတော့ IPS လောက်ရုပ်ပြတ်သားမှု မကောင်းတဲ့အချက်တွေ့နိုင်သလို ထုတ်လုပ်မှုတန်ထိုးမြင့်မားနိုင်တယ်။စမက်ဖုန်းနဲ့တက်ဘလက်ဝယ်ယူသူတွေအနေနဲ့ AMOLED နဲ့ IPS LCD Dsplay တို့ရဲ့အကြောင်းသိရှိခြင်းအားဖြင့် ဝယ်ယူဖို့ရွေးချယ်ရာမှာ အထောက်အကူဖြစ်စေဖို့ တင်ပြလိုက်ရပါတယ်။

CREDIT TO >>>>> ဦးသောင်းဝင်း (ပန်းချယ်ရီ)

lollipop myanmar font tools

lollipop myanmar font tools

Posted in
No comments
By htwe naing

ကျွန်တော့ဘော်ဒါကြီး ကိုလင်းလုပ်ပေးထားတဲ့ lollipop android တွေအတွက် မြန်မာစာအလွယ်တစ်ကူသွင်းပေးနိုင်တဲ့ tool လေးပါ။ Boot song လေးပါအပိုတစ်ခုအနေနဲ့ထည့်ပေးထားပါတယ်။ Boot song change ဖို့အတွက် Button လေးတစ်ခုထည့်ပေးထားပါတယ်။ Power On ရင်ထွက်မဲ့အသံက မင်းရဲကျော်စွာ ဗိုလ်နေတိုး...... smile emoticon . power Off ရင်ထွက်မဲ့အသံက မိုးရေထဲမှာ အချစ်ရေခဏလေးသေးပေါက်ချင်တယ် ဆိုတဲ့ ဟိုအဆိုကျော်မလေး........... Root ဖောက်ထားဖို့တော့လိုပါတယ်။ လိုအပ်တဲ့သူတွေအောက်မှာယူလိုက်ပါ။


credit to >>> ထိုင်းရောက် IT လူငယ်များ

Sony ဖုန်း firmware တွေကိုအလွယ်တစ်ကူ ဒေါင်းချင်သူတွေအတွက် Xperifirm 4.6.0

Sony ဖုန်း firmware တွေကိုအလွယ်တစ်ကူ ဒေါင်းချင်သူတွေအတွက် Xperifirm 4.6.0

Posted in
No comments
By htwe naing

Image result for xperifirm logo
Sony ဖုန်းသုံးသူတွေ Firmware ဒေါင်းချင်တဲ့အခါ လွယ်ကူစေဖို့ Xperifirm 4.6.0 နောက်ဆုံးထွက် လေးတင်ပေးလိုက်ပါတယ်။ ဒီ Tool လေးနဲ့ ဒေါင်းလို့ရလာတဲ့ resources file ကနေ firmware ပြန်ထုတ်နည်းကိုတော့ ဒီနေရာ လေးမှာသွားကြည့်ပေးပါ။ Tool လေးကိုတော့အောက်ကလင့်မှာယူလိုက်ပါ။

ZippyShare.com - Free File Hosting

Asus Zenfone 4/5/6 နဲ့ Zenfone 2 တွေအတွက် One Click Root Tool

Asus Zenfone 4/5/6 နဲ့ Zenfone 2 တွေအတွက် One Click Root Tool

Posted in
No comments
By htwe naing

Image result for one click root for zenfone series
Asus Zenfone 4/5/6 Android 4.X (kitkat) တွေနဲ့ Android 5.X (lollipop) တွေ ၊ နောက်ဆုံးထွက် ဖုန်းတွေဖြစ်တဲ့ Zenfone 2 ( ZE500CL / ZE550ML / ZE551ML ) တွေကိုပါ Click တစ်ချက်တည်းနဲ့ Root / Unroot  လုပ်ပေးနိုင်ပါတယ်။ အောက်ကလင့်မှာယူလိုက်ပါ။

ZippyShare.com - Free File Hosting

Internet Download Manager 6.23 Build 12 Activated

Internet Download Manager 6.23 Build 12 Activated

No comments
By htwe naing

Image result for idm
Internet Download Manager ကိုအသစ်လေးလဲသုံးချင်တယ် crack တွေ patch တွေကိုလဲမသုံးတက်ပါဘူးဆိုတဲ့ သူတွေအစင်ပြေစေဖို့ click နှစ်ချက်နှိပ်ရုံနဲ့ Full version နောက်ဆုံးထွက်လေးပါ။ click နှစ်ချက်ဆိုပြီး  တောက်တောက် ဆို မျက်စိမှိတ်ပြီး အရမ်းလဲ မလုပ်နဲ့နော် အောက်ကပုံလေးတွေကို သေချာကြည့်ပြီးလုပ်ပါ။


 
အောက်ကပုံအဆင့်ကိုရောက်ရင် သတိထားပါ လေးဒေါင့်အကွက်ထဲက အမှန်ခြစ်ကို ဖြုတ်ပြီးမှ next ကိုနှိပ်ပါ။
 အဲဒီအကွက်ထဲက အမှန်ခြစ်ကို မဖြုတ်ပဲ next ကိုနှိပ်ပြီးဆက်သွားရင် တော့ firefox , google chrome ,နဲ့ တစ်ခြား Browser တွေမှာ hi.ru ဆိုတဲ့ Homepage ကြီးတက်နေမှာပါ။ အဲဒီ Homepage ကိုပြန်ဖြုတ်ဖို့ system restore မှတစ်ပါး တစ်ခြားကယ်စရာ နည်းလမ်း မရှိပါ။
 
 နောက်တစ်ဆင့် language နေရာမှာ English ကိုရွေးပါ။

 
ပြီးသွားရင်တော့ Internet Download Manager နောက်ဆုံးထွက် Full Version လေးရသွားပါပြီ


အစင်ပြေပါစေ။

About the Author

ကျွန်တော် IT ပညာရှင်တစ်ယောက်မဟုတ်ပါ ကျွန်တော်သိသမျှ မှတ်ထားသမျှ နည်းပညာလေးတွေပြန်လည်မျှဝေခြင်းသာဖြစ်ပါတယ်။ လာလည်ကြတဲ့သူငယ်ချင်းများအားလုံးကိုလဲကျေးဇူးပါ။